Red dot Pay PINs - စည်းမျဉ်းစည်းကမ်းများ

  • ၁။ စည်းမျဉ်းစည်းကမ်းများ
    • ၁။ (က) စည်းမျဉ်းစည်းကမ်းများ လက်ခံခြင်း။ ။ Red dot Pay PINs ကိုစတင်ဝယ်ယူပြီ ဆိုလျှင်ဖြင့် လူကြီးမင်းတို့အနေနဲ့ Red dot Pay PINs နဲ့ပတ်သက်သော စည်းမျဉ်းစည်းကမ်း များကို ဖတ်ရှုလက်ခံ အတည်ပြုကြောင်းသတ်မှတ်ပါတယ်။ Red dot Pay PINs စည်းမျဉ်း စည်းကမ်းများ ကိုလက်မခံပါက Red dot Pay PINs ကိုလုံးဝ ဝယ်ယူရောင်းချခြင်းမပြုလုပ်ရပါ။
    • ၁။ (ခ) စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲခြင်း။ ။ အခါအားလျော်စွာ Red dot Pay PINs နဲ့ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို Red dot မှပြောင်းလဲခွင့်ရှိပါတယ်။ စည်းမျဉ်း စည်းကမ်းများနဲ့ ပတ်သက်၍ မည်သည့်ပြောင်းလဲ မှု မျိုးမဆို စတင်သတ်မှတ်ချိန်အပြင်၊ ပြောင်းလဲခြင်းပြုလုပ်ပြီးလျှင်ပြီးခြင်း သက်ရောက်မှုရှိပါတယ်။
  • ၂။ ငြင်းဆိုချက်များ
    • ၂။ (က) ဝန်ဆောင်မှု။ ။ Red dot Pay PINs ကို Red dot အဖွဲ့အစည်းနှင့် ဆက်သွယ်လုပ်ကိုင် နေသော ကုမ္မဏီများမှ အွန်လိုင်း ကုန်ပစ္စည်းဝယ်ယူခြင်း နှင့်အခြားသော ဝန်ဆောင်မှုများတွင် အသုံးပြုနိုင်ပါတယ်။
    • ၂။ (ခ) Red dot အဖွဲ့အစည်း ဆိုသည်မှာ Red dot Network ဖြင့်သဘောတူညီစာချုပ် ချုပ်ဆိုထားသော ကုမ္မဏီ အဖွဲ့အစည်းများကို ဆိုလိုခြင်းဖြစ်ပါတယ်။ ၄င်းကုမ္ပဏီများမှ ရရှိနိုင်မည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို Red dot နှင့် သဘောတူထားသော Pay PINs ဖြင့်ပြောင်းလဲ အသုံးပြုနိုင်မည်ဖြစ်သည်။
    • ၂။ (ဂ) Red dot Pay PINs: ဝယ်ယူခဲ့သော Red dot Pay PINs ကို
      • က။ Red dot နှင့် ဆက်နွယ်သော အဖွဲ့အစည်းများမှ ကုန်စည်နှင့် ဝန်ဆောင်မှုအတွက် အသုံး ပြုနိုင်ပြီး၊ Red dot Pay PINs သည် တရားဝင် တောင်းဆိုထားခြင်း မဟုတ်သည့်အတွက် Red dot နှင့် မသက်ဆိုင်သော မည်သည့်အဖွဲ့အစည်းမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအတွက် အသုံးပြု၍ ရနိုင်မည်မဟုတ်ပါ။
      • ခ။ Red dot Pay PINs ကိုဝယ်ယူပြီးနောက် ငွေသားအဖြစ် ပြန်၍ပြောင်းလဲခြင်း၊ မိမိကျန်ရှိသော လက်ကျန် Pay PINs အားပြန်၍ ငွေသားအဖြစ် ပြောင်းလဲလိုခြင်းများ ပြုလုပ်လို့မရပါ။ သင်နဲ့အတူ ကျန်ရှိနေသော Red dot Pay PINs လက်ကျန်များမှာ သင်ရဲ့တာဝန်သာလျှင် ဖြစ်ပါတယ်။
      • ဂ။ Red dot Pay PINs လက်ခံစာရွက်ပေါ်တွင် သက်တမ်းကုန်လွန်ရန် အသိပေးသော နေ့စွဲပါရှိပါတယ်။ Red dot စက်မှ ထုတ်ယူပြီး (သို့မဟုတ်) ဝယ်ယူပြီး ရောင်းရန် သိမ်းထားသော Pay PINs ရဲ့ သက်တမ်းကုန်လွန်မှုသည် သင့်ရဲ့တာဝန်သာ ဖြစ်ပါသည်။ သင်ကိုယ်တိုင် Red dot စက်မှ ထုတ်ယူပြီး (သို့မဟုတ်) ဝယ်ယူပြီး ရောင်းရန် သိမ်းထားသော အသုံးမပြုရသေးသော Pay PINs များဧ။် သက်တမ်းကုန်လွန်မှုကို Red dot ဘက်မှ တာဝန်ယူမည် မဟုတ်ပါ။
  • ၃။ စွန့်စားတာဝန်ယူမှု
    • ၃။ (က) သဘောတူညီခြင်း
      • က။ Red dot Pay PINs အသုံးပြုသူများ ပိုမိုနားလည်သိမှတ်စေရန်၊ Red dot Pay PINs ဖြင့် ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်၊ ဝန်ဆောင်မှုများ နှင့်ပတ်သက်စပ်လျှင်း၍ Red dot အနေဖြင့် တာဝန်ယူ ဖြေရှင်းမှုများ၊ ထုတ်ဖော်ပြောကြားခြင်း၊ အာမခံပေးမှုများ လုံးဝပြုလုပ်မည်မဟုတ် ကြောင်းကိုလည်း သင့်အနေဖြင့်လက်ခံသဘောတူညီပါသည်။
      • ခ။ Red dot Pay PINs အား ဝယ်ယူပြီးချိန်မှစ၍ PINs နှင့်ပတ်သတ်သော လုံခြံမှုနှင့် အခြားသော အရာများ အားလုံးသည် သင့်တာဝန်သာ ဖြစ်ပါသည်။ Red dot မှ ၄င်းပျက်စီး ပျောက်ဆုံးမှုနှင့် ပတ်သက်သော အချင်းအရာများ နှင့် စပ်လျှင်း၍ တာဝန်ယူမည်မဟုတ်ပါ။
      • ဂ။ မည်သို့ပင်ဖြစ်စေ Red dot မှ Pay PINs နှင့်ပတ်သက်သော အချင်းအရာ ကိစ္စများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ဆုံးဖြတ်ဆောင်ရွက်ပေးပြီး Red dot နှင့် ပတ်သက်ဆက်နွယ်သော ကိစ္စရပ်များရှိခဲ့သည်ဟု Red dot မှ သတ်မှတ်ပါက Red dot Pay PINs အသစ်ကို ပြန်လည်ထုတ်ပေးခြင်းမျိုး (သို့မဟုတ်) ထိုနည်းတူစွာ ပြုလုပ်ပေးမည်ဖြစ်ပြီး၊ အခြေအနေအရပ်ရပ်ပေါ် မှုတည်၍ ငွေပြန်လဲပေးခြင်း၊ PINs လဲလည်ပေးခြင်းကို ပြုလုပ်မည်မဟုတ်ပါ။
    • ၃။ (ခ) တာဝန် : သင့်ကိုဖြစ်စေ၊ ဤသက်မှတ်ချက်များ နှင့် သက်ဆိုင်သော အခြားပုဂ္ဂိုလ်ဖြစ်စေ၊ Red dot Pay PIN ၏ အသုံးပြုမှုဆိုင်ရာ ဆက်စပ်နေသူ (သို့မဟုတ်) ချန်လျှပ်ထားသူဖြစ်စေ၊ Red dot Pay PIN ကိုအသုံးပြုသူ (သို့မဟုတ်) အသုံးပြုနိုင်ခြင်းမရှိသူဖြစ်စေ၊ ဥပဒေမှ ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ Red Dot ၏တာဝန်ယူမှု၊ တာဝန်ရှိမှုများ အားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းသည် ဥပဒေတွင် ဖော်ပြထားသည်ဖြစ်စေ၊ မဖော်ပြထားသည်ဖြစ်စေ ချွင်းချက် (ချန်လျှပ်) ထားရမည်။ ကန့်သက်ချက်မရှိသော အမြတ်ငွေဆုံးရှုံးခြင်း၊ အချက်အလက်များဆုံးရှုံးခြင်း၊ လုပ်ငန်းစီးပွား (သို့မဟုတ်) မျှော်မှန်းထားသည့် ဆုငွေများဆုံးရှုံးခြင်း၊ ယေဘုယျ (သို့မဟုတ်) တိကျသော ထိခိုက်ပျက်စီးခြင်း အကျိုးဆက်နှင့် မတော်တဆ ဆုံးရှုံးခြင်းများအပါအဝင် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ဖြစ်ပေါ်လာသော ဆုံးရှုံးခြင်း (သို့မဟုတ်) ထိခိုက်ပျက်စီးခြင်းများအား Red Dot ၏ တာဝန်ယူမှု တာဝန်ရှိမှုများမှ ချန်လျှပ်ထားရမည်။
    • ၃။ (ဂ) လျော်ကြေး (သို့) အာမခံ : ဤသက်မှတ်ချက် ဖော်ပြချက်များကို သင့်ဘက်မှ လိုက်နာကျင့်သုံးရန် ပျက်ကွက်မှုကြောင့် ကျွန်ုပ်တို့ဘက်မှ နစ်နာမှု (သို့မဟုတ်) အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သို့ ကျရောက်မှုဖြစ်စေသည့် လုပ်ရပ်များ၊ အဆိုများ၊ ကုန်ကျစရိတ်များ၊ (ဥပဒေဆိုင်ရာ တရားရေးရာဆိုင်ရာ ကုန်ကျစရိတ်များ၊ အသုံးစရိတ်များ အပါအဝင်) ဆုံးရုံးမှုများ၊ တရားစွဲဆိုခြင်းများ၊ တာဝန်ရှိမှုများ (သို့မဟုတ်) တောင်းဆိုမှုများ အားလုံးအတွက် Red Dot အားသင့်ဘက်မှ လွတ်ငြိမ်းစေမည်၊ အာမခံမည်၊ အာမခံထားရှိပေးမည်ဟု သဘောတူပါသည်။
    • ၃။ (ဃ) ချိုးဖောက်ခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်း : ဤသက်မှတ်ချက် ဖော်ပြချက်များကို သင့်ဘက်မှ လိုက်နာကျင့်သုံးရန် ပျက်ကွက်မှုများအား Red dot မှမလျော်ကန်ပါ (သို့မဟုတ်) တရားမဝင်ပါဟု သုံးသပ်ပါက Red dot အနေဖြင့်သင်၏ Red dot Pay PIN အသုံးပြုမှုကို ကန့်သတ်နိုင်ခြင်း၊ (သို့မဟုတ်) ပါရှိသည့် အရာများအားဖယ်နိုင်ခြင်း (ဥပမာ၊ သင်၏လုပ်ဆောင်ချက်များကို အခြားဆက်စပ်ကုမ္ပဏီ များသို့ သတိပေးအကြောင်းကြားခြင်း၊ သင့်ထံသို့ သတိပေးစာထုတ်ပြန်ခြင်း၊ သင်၏ Red dot Pay PIN အားဆိုင်းငံ့ (သို့မဟုတ်) ပယ်ဖျက်ခြင်းများကို Red dot မှ လုပ်ပိုင်ခွင့်ရှိသည်။
  • ၄။ အထွေထွေပြင်ဆင်မှုများ
    • ၄။ (က) လွယ်လင့်တကူ ရရှိနိုင်ခြင်းနှင့် ပျက်လပ်မှုမရှိခြင်း။ Red dot မှ Pay PINs ပျက်လပ်မှုမရှိ စေရန်နှင့် Red dot အဖွဲ့အစည်း (သို့မဟုတ်) Red dot နှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိသော ကုမ္ပဏီများအတွင်း လွယ်လင့်တကူ အသုံးပြုနိုင်ရန် အမြဲတစေ ကြိုးစားအားထုတ်နေပြီး အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော PINs ပျက်စီးပျောက်ဆုံးမှုများ နှင့် Red dot အဖွဲ့အစည်း (သို့မဟုတ်) Red dot နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများဘက်မှ ဖြစ်ပေါ်လာသော ကိစ္စရပ်များအပေါ် Red dot မှ တာဝန်ယူ ဆောင်ရွက်ပေးမည် မဟုတ်ပါ။
    • ၄။ (ခ) အငြင်းပွားမှုများ။ Red dot မှ Red dot Pay PINs နှင့်ပတ်သက်၍ တဆင့်ရောင်းချခြင်း နှင့် အခြားသော လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဆက်စပ်မှုမရှိပါ။ Red dot အဖွဲ့အစည်း (သို့မဟုတ်) Red dot နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ နှင့်ပတ်သက်သော အငြင်းပွားဖွယ်ရာများ၊ ၄င်းတို့ဘက်မှ ဆုံးဖြတ်ချက်များအပေါ် Red dot ကုမ္ပဏီအား သင့်အနေနှင့် ထည့်သွင်းခေါ်ဆောင်မှု မဟုတ်ကြောင်းကို သဘောတူပြီး ဖြစ်ပါတယ်။
    • ၄။ (ဂ) ပုဂ္ဂိုလ်ရေးထိန်းသိမ်းမှု။ Red dot မှရရှိထားသော သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးကြီးသော သတင်း အချက်အလက်များကို Red dot မှထုတ်ပြန်ထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ နည်းဥပဒေအရ တိကျသေချာစွာ ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ဥပဒေအရ (သို့မဟုတ်) လုပ်ငန်းတွင်း စာရင်းရှင်းတန်းများတွင် လိုအပ်မှသာလျှင် ထုတ်ဖော်အသုံးပြုသွားမည် ဖြစ်ပါတယ်။
    • ၄။ (ဃ) လုပ်ပိုင်ခွင့်အာဏာ။ Red dot ဘက်မှ အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များ နှင့် ပတ်သက်၍ အသုံးမပြုခဲ့မိသော် ၊ ထို လုပ်ပိုင်ခွင့်များအား စွန့် လွှတ်လိုက်သည်ဟု မဆိုလိုပါ။
    • ၄။ (င) ကြိုတင်အသိပေးခြင်း။ အကယ်၍ Red dot မှ ထုတ်ပြန်ထားသော ယခု စည်းကမ်းချက်များမှ အချို့မှာ အကျိုးသက်ရောက်မှု မရှိခဲ့ခြင်း၊ လျော့ရွဲမှုရှိခြင်း (သို့မဟုတ်) တရားမဝင်ခဲ့ခြင်းတို့ ရှိခဲ့ပါက ၄င်းတို့မှလွဲ၍ ကျန်ရှိသော အခြားစည်းကမ်းချက်များမှာ ကြိုတင်ပြင်ဆင် ပြောကြားထားသည့်အတိုင်း ရှိနေပြီး သက်ရောက်မှု အပြည့်အဝရှိမည်ဖြစ်သည်။
    • ၄။ (စ) ပြဌာန်းဥပဒေနှင့်အညီ။ ၄င်းထုတ်ပြန်သော စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ တရားဝင် ထုတ်ပြန်ထားသော ပြဌာန်းဥပဒေနှင့်အညီ ဖော်ပြထားခြင်းဖြစ်ပါတယ်။
    • ၄။ (ဆ) လုပ်ငန်းဆိုင်ရာ မှန်ကန်မှုရှိခြင်း။ Red dot Pay PINs နှင့် ၄င်း PIN ကိုအသုံးပြုသော Red dot အဖွဲ့အစည်း (သို့မဟုတ်) Red dot နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများနှင့် ပတ်သက်သော အရာဝတ္ထုများ၊ ဆော့ဖ်ဝဲများ အားလုံးအတွက် Red dot မှ ကိုယ်ပိုင်ဖြစ်ပြီး ၄င်းတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များလည်း ရရှိထားပြီးဖြစ်ပါတယ်။
    • ၄။ (ဇ) သဘောတူညီမှု ခြုံငုံသုံးသပ်ခြင်း။ ယခုဖော်ပြပါ စည်းကမ်းချက်များသည် ယခင်နှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ ရှိခဲ့ပြီးသော နားလည်မှုများ၊ ကတိကဝတ်များ၊ သဘောတူညီချက်များ၊ အကြောင်းအရာများနှင့် စပ်လျှင်း၍ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။