Red dot Mobile Money

MMS မိုဘိုင်းငွေကြေးဝန်ဆောင်မှု

ငွေပေးချေမှုအခွင့်အလမ်းများနှင့် ပိုမိုလွယ်ကူသော ဘ၀ဆီသို.

မိုဘိုင်းငွေကြေးဝန်ဆောင်မှုဆိုတာဘာလဲ?

မိုဘိုင်းငွေကြေးဝန်ဆောင်မှုဆိုသည်မှာ မိမိမိုဘိုင်းဖုန်းမှတဆင့် နေရာမရွေး အချိန်မရွေူး တစ်ဦးနှင့် တစ်ဦး ငွေပေးပို.၊ ငွေလက်ခံနိုင်သော အီလက်ထရောနစ်မိုဘိုင်းစနစ် ငွေကြေးဝန်ဆောင်မှု ဖြစ်ပါသည် ။ ဤ၀န်ဆောင်မှုသည် ဘေးကင်းလုံခြုံ၊ ယုံကြည်စိတ်ချရရုံသာမက

  • တစ်ဦး နှင့် တစ်ဦး ငွေပေးပို.၊ ငွေလက်ခံခြင်းများကို လွယ်ကူချောမွေ.စွာ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခြင်း
  • အချိန်ကုန်သက်သာစွာ ငွေပေးချေနိုင်ခြင်း
  • အနာဂတ် တွင် သုံးစွဲရန်အတွက် ငွေစုဆောင်း သိမ်းဆည်းထားနိုင်ခြင်း
  • Red dot ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်း များကို လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း
  • ငွေသား လက်ဝယ်ကိုင်ဆောင်ရမှုကြောင့် ကြုံတွေ.နိုင်သည့် အခက်အခဲများအား လျော့နည်းစေခြင်း

Red dot Network နှင့် ချိတ်ဆက်ထားသော မိုဘိုင်းငွေကြေးဝန်ဆောာင်မှုသုံးစွဲသူများသည် မိမိအကောင့်မှ ငွေသွင်း၊ ငွေထုတ်ခြင်းများကို Red dot ကိုယ်စားလှယ်ဆိုင်အမြောက်အများတွင် ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ မကြာမှီ နောက်ထပ် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများစွာအား ချိတ်ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။

M-PiteSanသည် Red dot Mobile Money ကို အထောက်အပံ့ ပေးသော Partner ဖြစ်ပါတယ်။

Mobile Money အလုပ်လုပ်ပုံ

ငွေဖြည့်သွင်းခြင်း

Cash In Step 01

အဆင့် ၁

Red dot နဲ့ ချိတ်ဆက်ထားသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုအသုံးပြုသူသည် မိမိ၏ မိုဘိုင်းပိုက်ဆံအကောင့်ကို ငွေသွင်းရန် နီးစပ်ရာ မိုဘိုင်းငွေကြေး ၀န်ဆောင်မှုပေးသည့် Red dot-MMS ကိုယ်စားလှယ်ဆိုင်ထံသို့ သွားလိုက်ပါ။ ဆိုင်ရှင်အား ငွေသွင်းမည့်ပမာဏနဲ့ ဖုန်းနံပါတ်ပြောပြလိုက်ရုံ ပါပဲ။

Cash In Step 02

အဆင့် ၂

ငွေဖြည့်သွင်းရန်အတွက် Red dot ကိုယ်စားလှယ်မှ ဆက်လက် လုပ်ဆောင်ပါလိမ့်မည်။

Cash In Step 01

အဆင့် ၃

ငွေဖြည့်သွင်းခြင်းအောင်မြင်သည်နှင့်တပြိုင်နက် ငွေသွင်းသူသည် မိမိမိုဘိုင်းအကောင့်မှ ပေးပို့ သောစာတိုနှင့်တကွ Red dot ကိုယ်စားလှယ်ထံမှ ငွေသွင်းဖြတ်ပိုင်း လက်ခံရယူလိုက်ပါ။

ငွေထုတ်ယူခြင်း

Cash Out Step 01

အဆင့် ၁

မိမိ၏ မိုဘိုင်းပိုက်ဆံ အကောင့်မှ ငွေထုတ်ယူရန် နီးစပ်ရာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသည့် Red dot-MMS ကိုယ်စားလှယ်ဆိုင်ထံသို့ ပြီး Agent Code (သို့ )ကိုယ်စားလှယ်နံပါတ်ရိုက်နှိပ်ကာ ငွေထုတ်ယူရန်လုပ်ဆောင်ပါ။

Cash Out Step 02

အဆင့် ၂

ငွေထုတ်ယူမည့်သူထံမှ Tnx ID (Transition ID) နှင့်တကွ OTP (မိုဘိုင်းပိုက်ဆံအကောင့်မှပေးပို့သော) ကုဒ်ရရှိသည်နှင့်တပြိုင်နက် Red dot ကိုယ်စားလှယ်မှ ဆက်လက်လုပ်ဆောင်ပါလိမ့်မည်

Cash Out Step 03

အဆင့် ၃

ငွေထုတ်ယူခြင်းအောင်မြင်သည်နှင့်တပြိုင်နက် ငွေထုတ်ယူသူသည် မိုဘိုင်းပိုက်ဆံအကောင့်မှ ပေးပို့သောစာတိုနှင့်တကွ Red dot ကိုယ်စားလှယ်ထံမှ ငွေထုတ်ဖြတ်ပိုင်း လက်ခံရယူလိုက်ပါ။

What do other people think of Red dot Mobile Money?

MMS သုံးစွဲသူများအတွက်

အနီးဆုံးမှာ ရှိတဲ့ Red dot ဆိုင် ကို ရှာဖွေရန်

ယခု Red dot ဆိုင် (၁၄၀၀၀) ကျော်ရှိနေပါပြီ။ မကြာမီမှာလည်း Red dot ဆိုင်တွေပိုများလာမှာပါ။ ဒီဆိုင်တွေမှာ သင့်ရဲ. ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းတွေကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

MMS ကိုယ်စားလှယ်များအတွက်

လုပ်ငန်းရှင် ကိုယ်စားလှယ်များအတွက်

Red dot MMS ကိုယ်စားလှယ်တစ်ဦးဖြစ်လိုပါသလား။ Customer Care Team ကို ဆက်သွယ်လိုက်ပါ (ဖုန်း +95 1 370050 Viber +95 97963 47015)။

ဆက်သွယ်ရန်